မျှတွေးပါ ═════ ❖ ဘယ်လောက်ပဲ sound effects free download
0 Downloads
14 hours ago
0 seconds
user85178825521780 Sound Effects
About မျှတွေးပါ ═════ ❖ ဘယ်လောက်ပဲ Mp3 Sound Effect
မျှတွေးပါ ═════ ❖ ဘယ်လောက်ပဲ စိတ်ရှည်သူဖြစ်ပါစေ… သူ့မှာလည်း နားလည်ပေးရတာ များလာတော့ စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။ ❖ ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်ပါစေ… သူ့မှာလည်း ပေးဆပ်နေရတာများလာပြီး ချစ်ရတာနဲ့ ပေးဆပ်ရတာမတန်တော့ စိတ်ပျက်လာမှာပဲလေ။ ❖ ဘယ်လောက်ပဲ သည်းခံတတ်သူဖြစ်ပါစေ… သူမှန်လည်း သည်းခံ ၊ သူမှားလည်း သည်းခံရတာများလာတော့ တစ်ခါတစ်လေ တုန့်ပြန်ချင်တဲ့နေ့ဆိုတာ ရှိနေမှာပဲလေ။ ❖ ဘယ်လောက်ပဲ တော်နေတဲ့သူဖြစ်ပါစေ… လောကဓံဖိအားပြင်းထန်လွန်းလာရင် သူ့မှာလည်း အားငယ်တဲ့နေ့ဆိုတာ ရှိလာနိူင်တာပဲလေ။ ❖ ဘယ်လောက်ပဲ အသည်းမာတဲ့လူဖြစ်ပါစေ… တကယ်ချစ်ပြီး တကယ်ခံစားလာရင်တော့ မျက်ရည်ကျတဲ့နေ့ဆိုတာ သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ရှိနေတတ်တာပဲလေ။ ❖ ဘယ်လောက်ပဲ သဘောကောင်းပြီး အားနာသူဖြစ်ပါစေ… ကိုယ်ကပဲ အလိုက်တသိလျော့ပေးနေရပြီး မနိူင်ဝန်ထမ်းတာ များလာတော့ အားနာတတ်တာကို "နောင်တ" ရတဲ့နေ့ဆိုတာ ရှိလာနိူင်တာပဲလေ။ ❖ ဘယ်လောက်ပဲ ရိုးသားသူဖြစ်ပါစေ… ဖြူ စင်မှူကို အသုံးချခံရတာ များလာတော့ ပေါက်ကွဲတဲ့နေ့ဆိုတာ ရှိလာနိူင်တာပဲလေ။ ❖ ဘယ်လောက်ပဲ ယုံကြည်တတ်သူ ဖြစ်ပါစေ… အလိမ်ခံရတာများလာတော့ သံသယဝင်ပြီး မယုံကြည်တဲ့နေ့ဆိုတာ ရှိနေနိူင်တာပဲလေ။ ❖ ဒါ့ကြောင့် ကိုယ့်ဘေးက တန်ဖိုးထားရတဲ့သူတွေ ကိုယ့်နားက မစွန့်ခွာစေချင်ရင် သူ့ဘက်ကိုယ့်ဘက်မျှတွေးပါ၊ ကိုယ့်ကြောင့် သူတို့ရဲ့နှလုံးသားကို အနာမဖြစ်စေနဲ့နော် လူဆိုတာ ခံနိူင်ရည်ထက်ကျော်လွန်သွားရင် အပြီးတိုင်စိတ်ပျက်ပြီး ဥပေက္ခာပြု သွားတတ်တယ်။ ❖ သူ့ဘက်ကိုယ့်ဘက်မျှတွေးတတ်တဲ့ "ကိုယ်ချင်းစာတရား "ကို မွေးမြူ ထားမှ ကိုယ်တန်ဖိုးထားရသူတွေ ကိုယ့်နားမှာအမြဲရှိနေမှာ ဖြစ်ပါတယ်။ ✔ credit - ဇင်းနစ်မကွေး။မျှတွေးပါ ═════ ❖ ဘယ်လောက်ပဲ Sound Effects Free Download. Sound Effects Downloader To Help You Download The Highest Quality မျှတွေးပါ ═════ ❖ ဘယ်လောက်ပဲ Sound Effects Free Download For TikTok Videos. You Just Search Sound Effects And Download.